ဂျပန်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားစဉ် မီးခိုးဗုံးဖြင့်တိုက်ခိုက်ခံရ

0
198

တိုကျို၊ဧပြီ ၁၅

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါသည် ဧပြီ ၁၅ ရက် စနေနေ့၌ မိန့်ခွန်းပြောကြားနေစဉ်အတွင်း မီးခိုးဗုံးဖြင့်တိုက်ခိုက်ခံရသော်လည်း အန္တရာယ်မရှိဘဲလွတ်မြောက်ခဲ့ကြောင်း မီဒီယာများ၌ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံသတ်ဖြတ်ခံရပြီး တစ်နှစ်မပြည့်မီ ပင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါဗုံးပစ်သူအဖြစ် သံသယရှိသူတရားခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ NHK ကပြောကြားခဲ့သည်။ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ တုံ့ပြန်ပြောဆိုမှု ဝေဖန်မှုများမရှိလာသေးကြောင်းလည်းသိရသည်။

ဝန်ကြီးချုပ်၏မိန့်ခွန်းကို လာစောင့် နားထောင်ကြသူများသည်လည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်, ဝန်ကြီးချုပ်လည်းကြီးကြီးမားမားဒဏ်ရာမရခဲ့ပဲ နေရာမှထွက်ခွာလာနိုင်ပြီးမကြာမီပင် ၎င်း၏မိန့်ခွန်းပြောကြားမှုကိုဆက်လက်လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

ယင်းနောက်ဝန်ကြီးချုပ်က ၎င်းကြောင့် ကျန်ပြည်သူများပါဒုကွရောက်ခဲ့ရသည့်အတွက် လည်းတောင်းပန်စကားဆိုခဲ့သည်။ယခုဖြစ်စဉ်သည် ဂျပန်မှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G – 7 အစည်းအဝေးမစခင်ရက်၌ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

ဂျပန်သည် G – 7 နိုင်ငံများ၏ဥက္ကဌအဖြစ် လာမည့်လ၌ ဟီရိုရှီးမားတွင်ထိပ်သီးအစည်းအဝေးကို လက်ခံ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Source : CNA
Photo : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here