လွန်ခဲ့သည့် ၄ နှစ်က ရိုက်ကူးခဲ့သော Black Hole ၏ ပိုမိုကောင်းမွန်သော ဓာတ်ပုံ သိပ္ပံပညာရှင်များ ထုတ်ဖော်ပြသ

0
179

လွန်ခဲ့သော ၄ နှစ်က ပထမဆုံး ရိုက်ကူးနိုင်ခဲ့သည့် Black Hole ပုံရိပ်တွင် လိုအပ်နေသည်တို့ကို အသိဉာဏ်တု(AI)ဖြင့် ဖြည့်စွက်မွမ်းမံ၍ ပိုမိုကောင်းမွန်သော ဓာတ်ပုံကို သိပ္ပံပညာရှင်များက ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ Black Hole သည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ၅၃ သန်းအကွာအဝေးရှိ M87 ကြယ်စုကြီး၏ အလယ်ဗဟိုမှဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းရှိ ရေဒီယိုတယ်လီစကုပ်များကို ကွန်ရက်ပြုလုပ်၍ စုစည်းရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ကာ ၂၀၁၉ ခုနှစ်က အများပြည်သူသို့ ထုတ်ဖော်ပြသခဲ့သည်။

သို့ရာတွင် တယ်လီစကုပ်များစွာအတူတူအလုပ်လုပ်ရာတွင်ဖြစ်ပေါ်ခဲ့သော ဒေတာကွာဟချက်များကို AI နည်းပညာဖြင့် ဖြည့်စွက်မွမ်းမံ၍ ယခုဓာတ်ပုံကို ထပ်မံထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ရလာဒ်အဖြစ်ထွက်ပေါ်လာသော Black Hole ပုံအသစ်သည် မူလဓာတ်ပုံနှင့်ဆင်တူသော်လည်း ပိုမိုကြည်လင်ပြတ်သတ်သားသည့် ပါးလွှာသော အဝန်းအဝိုင်းသဏ္ဍာန်ဖြစ်ကာ ပြင်ပတွင် အမှန်တကယ်တည်ရှိနေပုံနှင့် ပိုမိုနီးစပ်လာကြောင်း သိပ္ပံပညာရှင်များကဆိုသည်။

ယင်း ဓာတ်ပုံကို ကြာသပတေးနေ့ထုတ်ဝေသော Astrophysical Journal တွင် ထည့်သွင်းဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here