ဗီယက်နမ်နှင့်ကမ္ဘောဒီးယားရေတပ်တို့ ဆက်ဆံရေးတိုးမြှင့်ရန်ဆွေးနွေး

0
155

ဖနွမ်းပင်၊ဧပြီ ၁၆

ရေတပ်ဗိုလ်ချုပ် Luong Viet Hung ဦးဆောင်သော ဗီယက်နမ်ပြည်သူ့ရေတပ်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနှစ်သစ်ကူးပွဲတော်အတွက် ကမ္ဘောဒီးယားဘုရင့်ရေတပ်သို့ လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဗိုလ်ချုပ်ကြီး Tea Vinh က ဗီယက်နမ်ကြည်းတပ်နှင့်ရေတပ်တို့၏ ယခင်နှင့်လက်ရှိအချိန်တွင်း အဖိုးတန်သောကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

စည်းလုံးညီညွတ်မှုနှင့်အပြန်အလှန်အကူအညီပေးသည့်အစဉ်အလာနှင့်အတူ တပ်မတော်နှစ်ရပ်နှင့်ရေတပ်နှစ်တပ်ကြား ကောင်းမွန်သောဆက်ဆံရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဟုယုံကြည်ကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဗီယက်နမ် ရေတပ် ဗိုလ်ချုပ် ကလည်း ကမ္ဘောဒီးယားတော်ဝင်ရေတပ်တော်မှ အရာရှိများနှင့်စစ်သည်များအား နှစ်သစ်မှာ ပျော်ရွှင်အောင်မြင်ပြီး နှစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်အကျိုးစီးပွားအတွက် ရေတပ်များအကြား ခိုင်မာသောဆက်ဆံရေးရှိရန်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here