ဇွဲကပင်ဆရာတော်ကြီးထံမှာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့တဲ့ စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦး

0
225

hhmo

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ပုဂံဘုရားများ ပြန်လည်ပြုပြင်ရေးအတွက် အဆိုတော် သရုပ်ဆောင်စိုင်းလွှမ်းက လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ EMPEROR Band; Rock Band နဲ့ တခြားအဆိုတော်ကြီးများစွာတို့ နဲ့အတူ ပူးပေါင်းပြီး ပုဂံဘုရားများအတွက် ရန်ပုံငွေပွဲပြုလုပ်ဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။ ဒီပွဲပြုလုပ်ဖို့ စီစဉ်ဖြစ်ပုံကိုတော့ စိုင်းလွှမ်းက..

” ပုဂံဘုရားတွေ စပြီးပျက်စီး ကတည်းက ဘုရားတွေပြန်လည် ပြုပြင်ဖို့ အတွက်လုပ်ဆောင်ပေးခဲ့ချင်တာပါ။ ပုဂံဘုရားတွေ ပျက်စီးသွားတာ ကိုမြင်ရတာတော်တော် စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်တွေတတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ ရန် ပုံငွေရှာပြီး ပုဂံဘုရားတွေ ပြန်လည် တည်ဆောက်ရေး အတွက် ကူညီ ပေးချင်တယ်။ အဲဒါကြောင့် အခု ကျွန်တော်တို့လုပ်မယ့်ပွဲကနေရလာသမျှငွေတွေကို လှူဒါန်းပေးသွားမှာပါ။ ကျွန်တော်တို့စီစဉ်နေတဲ့ပွဲက BAND တော်တော်များများလည်း ပါမယ်။ ပြီးတော့ ROCK SHOW လည်းဖြစ်တယ်။ အလှူငွေကောက်ခံမယ့်ပွဲကလည်း ဖြစ်နေတော့ ကျင်းပမယ့်နေရာကိုတော့ နည်းနည်းတိုင် ပင်ပြီး ရွေးနေရလို့ နေရာကတော့ အတိအကျမပြောနိုင်သေးဘူး။ ဒါပေမဲ့ ကျင်းပမယ့်လနဲ့ရက်ကိုတော့ သတ်မှတ်ထားပြီးပါပြီ။ ကျွန်တော်တို့ ကြိုးစားမှုတွေ အောင်မြင်ဖို့မျှော်လင့် သလို ပရိသတ်များကလည်း လာ ရောက်အားပေးကြဖို့ မျှော်လင့်ပါတယ်” လို့ စိုင်းလွှမ်းက ပြောပါတယ်။

လတ်တလောမှာတော့ စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ ဇနီး မောင်နှံကဘားအံမြို့ကို ရောက် ရှိနေပြီး သမီးလေးစစ်လွန်းဝတီထက် ကတော့ ကျောင်းတက်နေရလို့ သူတို့ နဲ့အတူ ပါမလာခဲ့ကြောင်း စိုင်းလွှမ်း က ပြောပြပါတယ်။ သူတို့ဇနီး မောင်နှံတို့ ဘားအံကို ရောက်ရှိတုန်း ဇွဲကပင်ဆရာတော်ကြီးထံ ဝင် ရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here