နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၏ သံတမန်မဟာသင်္ကြန်ရေသဘင်ပွဲတော်သို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များတက်ရောက်ဆင်နွှဲ

0
136

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ သံတမန်မဟာသင်္ကြန် ရေသဘင်ပွဲတော်အဖြစ် ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊သံတမန်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ခြံဝန်း၌ ကျင်းပခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်းများပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ ရေသဘင်ပွဲတော်အား ဆင်နွှဲခဲ့ကြသည်။

ထို့ပြင် သံတမန်များနှင့်ဧည့်သည်တော်များအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ သင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

သံတမန်မဟာသင်္ကြန် ရေသဘင်ပွဲတော်သို့ ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံရုံးများ/အဖွဲ့ရုံးများမှသံတမန်များနှင့်မိသားစုဝင်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့်ပြည်ပစီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံခြားသားကိုယ်စားလှယ်များ၊မြန်မာနိုင်ငံမဟာ ဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊အရာထမ်း/အမှုထမ်းများ ပါဝင်ဆင်နွှဲခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here