ကမ္ဘာ့မြေမျက်နှာပြင်အောက်တွင် လွန်စွာများပြားသော ရေတို့ရှိနေကြောင်း သိပ္ပံပညာရှင်တို့ရှာဖွေတွေ့ရှိ၊ မြေပေါ်ရှိ ရေပမာဏထက်ပိုများဟုဆို

0
345

ကမ္ဘာမြေပြင်အောက် မိုင် ၄၀၀ ခန့်တွင်ရှိသော လွန်စွာများပြားသည့် ရေတို့ရှိနေကြောင်းကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းရေတို့၏ စုစုပေါင်းပမာဏသည် မြေမျက်နှာပြင်ပေါ်ရှိ ရေထုထည်ပမာဏထက် ၃ဆ ပိုမိုများပြားကြောင်းဆိုကြသည်။

အဆိုပါရေများသည် မြေအောက်ရှိ Ringwoodite ဟုခေါ်ကြသော ကျောက်များအတွင်းတည်ရှိနေကြကာ အဆိုပါကျောက်များသည် ရေမြှုပ်သဖွယ်ရေများကိုသိုလှောင်ထားနိုင်ကြခြင်းဖြစ်သည်။

ထို့ကြောင့်၎င်းရေများတည်ရှိနေမှုသည် အရည်၊ အစိုင်အခဲ၊ ဓာတ်ငွေ့မဟုတ်သော်လည်း စတုတ္ထမြောက်မော်လီကျူးဖွဲ့စည်းပုံမျိုးဖြင့် တည်ရှိနေကြခြင်းဖြစ်သည်။

အဆိုပါ ကျောက်မျိုးကို အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် အနောက်မြောက်ပိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ငလျင်လှုပ်ပြီးချိန်တွင် ရှာဖွေတွေ့ရှိခဲ့မှ ဆက်လက်လေ့လာသုတေသနပြုကြခြင်းဖြစ်သည်။

သုတေသနပြုချက်အရ Ringwoodite ကျောက်များတွင် ရေပမာဏ ၁ ဒသမ ၅ ရာခိုင်နှုန်းပါဝင်နေပြီး၊ အဆိုပါကျောက်များသည် ကမ္ဘာ့မြေမျက်နှာပြင်အောက် မိုင် ၄၀၀ ခန့်အနက်တွင် လွန်စွာအများအပြားရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ယင်းကျောက်များသည် ကမ္ဘာတစ်ခုလုံးကို အတွင်းမှ ပတ်လျက်ရှိနေခြင်း ရှိမနေခြင်းကို အဆုံးအဖြတ်ပေးနိုင်စေရန် ဆက်လက်သုတေသနပြုနေကြောင်း သုတေသီအဖွဲ့ခေါင်းဆောင် ဂျက်ကော့ဆန်ကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here