‌ခမာနှစ်သစ်ကူးနှစ်ရက်တာကာလအတွင်း သေဆုံးသူကိုးဦးရှိပြီဟုဆို

0
168

ဖနွမ်းပင်၊ဧပြီ ၁၆

ကမ္ဘောဒီးယား၌ ခမာနှစ်သစ်ကူးပထမနှစ်ရက်တာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူကိုးဦးသေဆုံးကာ ၆၀ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း နိုင်ငံတော်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံတော်ရဲတပ်ဖွဲ့၏ ယမန်နေ့ညက ထုတ်ပြန်သောအစီရင်ခံစာအရ နိုင်ငံတွင်း၌ နှစ်ရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၂၆ မှုဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

နှစ်သစ်ကူးပထမနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့တွင် ယာဉ်မတော်တဆမှု ခြောက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦးမစိုးရိမ်ရဒဏ်ရာရရှိကာ အခြားခြောက်ဦး သည် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၁၅ ရက် ဒုတိယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၂၀ မှုဖြစ်ပွားခဲ့ပြီး ခုနစ်ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး ၃၈ ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here