သီရိလင်္ကာနိုင်ငံသား ၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
327

ယနေ့(ဧပြီလ ၁၇) ရက်(နှစ်ဆန်းတစ်ရက်နေ့)တွင် ပြည်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၅ ဦးကို
လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။

နစက ဥက္ကဋ္ဌသည် မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု့သောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အင်းစိန်ဗဟို အကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ သီရိလင်္ကာသာနိုင်ငံသား (၅) ဦးမှာ (၁) အစ/၂၃/၀၂၅၁၉/က Mr.R.R.GAMINI ၊ (၂) အစ/၂၃/၀၂၅၂၀/က Mr.M.M.R.D DILSHAN ၊ (၃) အစ/၂၃/၀၂၅၂၁/က Mr.L.S.J NANAYAKKARA ၊ (၄) အစ/၂၃/၀၂၅၂၂/က Mr.V.G.L.R KUMARA ၊ (၅) အစ/၂၃/၀၂၅၂၃/က Mr.L.H.N KARUNASINGHE တို့ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here