မန္တလေးတွင် အဲယားကွန်းအပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွား နေအိမ် ၃ လုံးနှင့်ပီနံအိတ်ဂိုထောင်ဆုံးရှုံး၊နေအိမ်ပိုင်ရှင်ကိုအမှုဖွင့်

0
85

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ (၃၃x၃၄)လမ်းနှင့်(၈၇x၈၈)လမ်းကြားတွင် ဧပြီ ၁၆ ရက်ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က အဲယားကွန်းအပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီ ၄၂ မိနစ်၌ Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ညနေ ၅ နာရီ ၅၃ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ ဖြစ်စဥ်ကြောင့် နေအိမ် ၃ လုံးနှင့်ပီနံအိတ်ဂိုထောင် ၁ လုံးတို့ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် အသက်(၃၁)နှစ်အရွယ်ရှိ နေအိမ်ပိုင်ရှင်အား ချမ်းအေးသာစံ
မြို့နယ်၊အမှတ်(၆)နယ်မြေရဲစခန်းက ပ-၄၉/ ၂၀၂၃၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here