အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၊အကျဉ်းသူ ၂၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
163

ယနေ့(ဧပြီလ ၁၇) ရက်(နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါသမယ)တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသူ/သား ဦး‌ရေ ၂၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌသည် မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း တစ်နိုင်ငံလုံးမှ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃၀၁၅ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here