ပီနန်းကမ်းခြေ၌ အပျော်စီးရှပ်ပြေးရေယာဥ် ၂ စီးမျက်နှာချင်းဆိုင်တိုက် မြန်မာနိုင်ငံသား ၁ ဦးသေဆုံး

0
199

မလေးရှားနိုင်ငံ၊ပီနန်းကမ်းခြေ၌ ဧပြီ ၁၆ ရက်ညနေပိုင်းက အပျော်စီးရှပ်ပြေးရေယာဥ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

မြန်မာနိုင်ငံသား ကိုထွန်းလင်းအောင်(၂၃)နှစ်မောင်းနှင်လာသည့် အပျော်စီးရှပ်ပြေးရေယာဥ်သည် တစ်ဖက်မှမောင်းနှင်လာသည့် ရှပ်ပြေးရေယာဥ်နှင့်မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် ကိုထွန်းလင်းအောင်မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်နေ ကိုထွန်းလင်းအောင်နှင့်မိတ်ဆွေများသည် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှတဆင့် ပီနန်းကမ်းခြေသို့လာရောက်လည်ပတ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ကိုထွန်းလင်းအောင်နှင့်ပတ်သက်သည့် အချက်အလက်များအား မလေးရှားရဲတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here