ပျဥ်းမနား သံဃာ့ဆေးရုံကြီး၏ ၅ လွှာတွင် ဗီနိုင်းလ်ခင်းရန် အလှူရှင်များဖိတ်​ခေါ်

0
204

နေပြည်တော်၊ပျဥ်းမနားမြို့ရှိ သံဃာ့ဆေးရုံကြီး၏ ၅ လွှာတွင် ကြမ်းခင်းကြွေပြားများ ကြွတက်လာသဖြင့် ကြမ်းခင်းကြွေပြားများအစား ဗီနိုင်းလ်ခင်းရန် အလှူရှင်များလိုအပ်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့၊သံဃာ့ဆေးရုံတော်ကြီး ၅ လွှာရှိ ဆရာတော်ကြီးများသီတင်းသုံးသည့် အခန်းများနှင့်လူနာဟောခန်းများရှိ ၂ ပေပတ်လည် ကြမ်းခင်းကြွေပြားများကြွတက်ကာကွာထွက်လျက်ရှိ​နေသည်။

ဗီနိုင်းလ်တစ်ကျင်း(၁၀ ပေပတ်လည်)၏ ကုန်ကျငွေမှာ ငွေကျပ် ၅၅၀၀၀၀ ရှိပြီး ကျင်းပေါင်း ၅၀ ကျော်လိုအပ်ခါ ရရှိထားသည့်အလှူငွေများဖြင့် တချို့တဝက်အား ဗီနိုင်းလ်ခင်းထားပြီးဖြစ်၍ ဆက်လက်ခင်းရန်ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် K pay ဖုန်း ၀၉ ၇၈၈၂၀၂၆၀၂ သို့ တတ်စွမ်းသရွှေ့ လွှဲပို့လှူဒါန်းနိုင်ရန်နိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here