ရုရှားနှင့် အီစတာနေ့ အကျဉ်းသား လဲလှယ်ရာတွင် စစ်သားများအပါအဝင် နိုင်ငံသား ၁၃၀ ဦး ပြန်လည်လွတ်မြောက်လာ

0
160

ရုရှားနှင့် ယူကရိန်းတို့ကြား ယခုတစ်ကြိမ် အကျဉ်းသားလဲလှယ်မှု ပြုလုပ်ရာတွင် ယူကရိန်းနိုင်ငံသား ၁၃၀ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါလဲလှယ်မှုကို ရှေးရိုး ခရစ်ယာန် သက်ဝင်ယုံကြည်သူတို့၏ အီစတာပွဲတော်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းဘက်သို့ စစ်သားများ၊ နယ်ခြားစောင့်တပ်သားများ၊ ပြည်တွင်းအရံတပ်ဖွဲ့ဝင်များ၊ သင်္ဘောသားများနှင့် နယ်ခြားစောင့်တပ်ရှိ ဝန်ထမ်းများ အပါအဝင် လူ ၁၃၀ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ရုရှားဘက်သို့ အကျဉ်းသား မည်မျှ လွတ်မြောက်လာသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ထိုလဲလှယ်မှုသည် တစ်ပတ်အတွင်း ဒုတိယအကြိမ် အကျဉ်းသား လဲလှယ်မှုကြီးဖြစ်သည်။ ပြီးခဲ့သည့်အပတ် တနင်္လာနေ့ (ဧပြီလ ၁၀ ရက်နေ့) ကလည်း ရုရှား အကျဉ်းသား ၁၀၆ ဦးနှင့် ယူကရိန်း အကျဉ်းသား အယောက် ၁၀၀ ဦး လဲလှယ်ခဲ့သေးသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here