မြောက်ကိုရီးယားကိုတန်ပြန်ရန် တောင်ကိုရီးယား၊ဂျပန်နှင့်အမေရိကတို့ ဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

0
169

ဆိုးလ်၊ဧပြီ ၁၇

တောင်ကိုရီးယား၊အမေရိကနှင့်ဂျပန်တို့သည် မြောက်ကိုရီးယား၏ပြောင်းလဲလာသော ဒုံးကျည်ခြိမ်းခြောက်မှုများအား ပိုမိုကောင်းမွန်စွာတန်ပြန်ရန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သည့်အနေဖြင့် သုံးနိုင်ငံရေတပ်များပေါင်း၍ ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ရပ်အား ဧပြီ ၁၇ ရက်၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ယခုလေ့ကျင့်ရေးသဘောတူညီချက်အား ဝါရှင်တန်၌သုံးနိုင်ငံတွေ့ဆုံဆွေးနွေးပွဲအပြီးရက်ပိုင်းအကြာ၌ ကြေငြာခဲ့ခြင်းဖြစ်သည်။အဆိုပါသဘောတူညီချက်၌ ၎င်းတို့သုံးနိုင်ငံအကြား သံတမန်ရေးနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဒုံးကျည်ရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောလေ့ကျင့်ရေးများပြုလုပ်မည်ဟုသိရသည်။

တနင်္လာနေ့၌ပြုလုပ်မည့် ပူးတွဲလေ့ကျင့်မှုအား ကိုရီးယားနှင့်ဂျပန်ကြားရှိ နိုင်ငံတကာရေပိုင်နက်အတွင်း၌ပြုလုပ်မည်ဖြစ်ပြီး သုံးနိုင်ငံလုံးမှ ဖျက်သင်္ဘောသုံးစီးပါမည်ဖြစ်ကြောင်းဖော်ပြထားသည်။

မြောက်ကိုရီးယားဘက်ကလည်း မကြာခင်အချိန်ကာလများအတွင်းကပြုလုပ်သွားဖူးသော တောင်ကိုရီးယားနှင့်အမေရိကတို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် အချို့သောလေ့ကျင့်မှုများတွင် ဂျပန်ပါပါဝင်နေသဖြင့် ပိုမိုပြင်းထန်သောကာကွယ်ရေးစနစ်များကို လက်တွေ့ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်းခြိမ်းခြောက်ထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here