သီလဝါစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား

0
244

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံတွင် ဧပြီ ၁၇ ရက် (ယနေ့)ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

သတင်းအရ သန်လျင်ခရိုင်မီးသတ်စခန်း၊ကျောက်တန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ရာမှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် Level 1 အဆင့်၊ ညနေ ၅ နာရီ ၁၃ မိနစ်တွင် Level 2 အဆင့်တို့ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၂၅ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here