တရုတ်တွင် ရောင်းအား အကောင်းဆုံး EV ကားထုတ်သည့် Wuling ကုမ္ပဏီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်လာသည့် Earth Renewable Energy Co., Ltd.

0
346

Wuling ၏မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ် အဖြစ် Earth Renewable Energy Co., Ltd နှင့် Wuling တို့သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guangzhou မြို့တွင်ကျင်းပပြုလုပ်သည့် Canton သွင်းကုန်၊ထုတ်ကုန်ပြပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် ဖြန့်ချီ​ရေးကိုယ်စားလှယ် ဖြစ်လာသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ မြန်မာပြည်၏ လျှပ်စစ်ကား ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာပြည်သူများအတွက် ယခုလိုကောင်းမွန်သည့် Wuling လျှပ်စစ်ကား mini EV များ တင်သွင်းခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံသို့ Wuling mini EV များ အမြန်ဆုံး တင်သွင်းကာ ဝန်​ဆောင်မှုပိုင်းများကိုလည်း ကျွမ်းကျင်ပညာရှင်များဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးမည်ဟု ရည်ရွယ်ထားကြောင်း  Earth Renewable Energy Co., Ltd (Prime Automotive) မှ တာဝန်ရှိသူက အဆိုပါ လက်မှတ်ရေးထိုးပွဲ တွင်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here