နှစ်ဆန်းတစ်ရက်နေ့ညနေတွင် ရပ်ကွက်သူရပ်ကွက်သားများစုပေါင်း၍ ဘုရားအမှူးရှိသောသံဃာတော်များအားလှူဖွယ်များလှူဒါန်းပြီး သံဃာတော်များမှရပ်ကွက်တွင်းအန္တရာယ်ကင်းစေရန် ပရိတ်တရားတော်များချီးမြှင့်ကြလေ့ရှိပါသည်။
ပရိတ်တရားများနာကြားကြပြီးနောက်၊ ပရိတ်ရေ၊ပရိတ်သဲများအားအိမ်ပတ်လည် ပက်ဖြန်းလေ့ရှိသလို ပရိတ်ချည်များကိုလည်း အန္တရာယ်ကင်းစေရန်ဆောင်ယူလေ့ရှိကြသည်။
နှစ်သစ်ဦးတွင် ကျက်သရေအဖြာဖြာနှင့်စတင်လေ့ရှိခြင်းကမြတ်နိုးစရာဓလေ့ဖြစ်သည်။