ပိတ်ဆို့အရေးယူနေခြင်းသည် ဒေါ်လာ၏ လွှမ်းမိုးမှုကို ဆုံးရှုံးစေနိုင်ဟုဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ရယ်လန်ဆို

0
159

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ရယ်လန်က အမေရိက သည် ယူကရိန်းအရေးတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံများအား စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေခြင်းသည် ဒေါ်လာ၏ လွှမ်းမိုးမှုတန်ဖိုးကို ဆုံးရှုံးအောင် လုပ်နေသကဲ့သို့ ဖြစ်နေကြောင်း ပြောလာခဲ့သည်။

“ငါတို့တွေ ဒေါ်လာနဲ့ ဆက်စပ်တဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တဲ့အချိန်တိုင်း အန္တရာယ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အချိန်ကြာလာတာနဲ့အမျှ ဒေါ်လာရဲ့ လွှမ်မိုးမှုကို အားနည်းလာစေနိုင်တာပါပဲ” ဟု ရယ်လန်က ပြောသည်ကို စီအင်န်အင်န် သတင်းဌာနက ပြန်လည်ဖော်ပြထားသည်။

ထို့ပြင် ရယ်လန်က ယခုကဲ့သို့ ပိတ်ဆို့နေခြင်းသည် တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံများကို ဒေါ်လာအစားထိုး ငွေကြေးများ ဖန်တီးအသုံးပြုရန်အတွက် တွန်းအားပေးသလို ဖြစ်နေသည်ဟုလည်း ပြောလာခဲ့သည်။

ရယ်လန်၏ အဆိုပါမှတ်ချက်များသည် အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဌာနများက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ တရုတ်၊ ယူအေအီးနှင့် တုကီယေးနိုင်ငံမှ ကုမ္ပဏီများ အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ ခု ကို ပိတ်ဆို့အရေးယူခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့သော ကိစ္စရပ်များကြောင့် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ ပါဝင်သော ဘရစ် (BRICS) အုပ်စုကလည်း ၎င်းတို့ကြား ကုန်သွယ်ရာတွင် ဒေါ်လာအစားထိုး အသုံးပြုနိုင်မည့် ကိုယ်ပိုင်ငွေကြေးအား ဖန်တီးရန်အတွက် ကြိုးပမ်းနေကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here