စမုံမြစ်အတွင်း ရေဆင်းကစားရာမှ ရေနစ်သေဆုံး ၄ ဦး၏ရုပ်အလောင်းများအား ၃ နာရီခန့်အကြာတွင် ရှာဖွေတွေ့ရှိ

0
231

မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ဧပြီ ၁၇ ရက်နေ့လည် ၃ နာရီခန့်က လူငယ်အမျိုးသား ၄ ဦးရေဆင်းက စားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေ သကြီးကော်မတီ-တိုင်းရုံး)မှ သိရသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသူ ၄ ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)၏ Mandalay Rescue DiverTeam မှရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်ဆီကို ကောင်လေး ၄ ယောက် စမုံမြစ်ထဲမှာရေဆင်းကစားရင်း ရေနစ်သွားလို့ကူညီရှာပေးပါဆိုပြီး ကောင်းတင်ရွာခံတွေကဖုန်းဆက်ပြီး အကူအညီတောင်းလို့သွားရှာပေးခဲ့ပါတယ် ရေနစ်သေဆုံးသွားတဲ့ ၄ ယောက်လုံးက အဲဒီရွာကပါပဲ ရုပ်အလောင်းတွေရှာတွေ့ပြီးချိန်မှာ ကျွန်တော်တို့က သူတို့ရွာကလှည်းတွေပေါ်တင်ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြသည့် အ သက်(၂၀)နှစ်ခန့်မှ(၂၅)နှစ်ခန့်ရှိ ကိုစည်သူဖြိုး၊ကိုခန့်ခန့်၊ကိုဖိုးသား၊ကိုအောင်အောင်ဦး တို့အား ည နေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် သေဆုံးလျက်ပြန် လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

Photo-လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here