ကျောက်မဲမြို့နယ်တွင် ကျောက်မီးသွေးကား တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ (၂) ဦး ဒဏ်ရာရရှိ

0
198

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ယနေ့ ဧပြီ (၁၈) ရက် နံနက်ပိုင်းက ကျောက်မီးသွေးများ တင်ဆောင်လာသည့် တွဲကားတိမ်းမှောက်ကာ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။

ကျောက်မီးသွေးများ တင်လာသည့် တွဲကားသည် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မန့်တန်းကျေးရွာနှင့် ရင်ကွဲတောင်ကြား တောင်ဆေးလိပ်ကျေးရွာ လမ်းခွဲအရောက်တွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူမှာ ခေါင်းခန်းအတွင်း၌ အောက်ပိုင်းညှပ်နေသဖြင့် ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ မိတ်ဖက်အသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာက ကားမောင်းတဲ့လူရယ် အမျိုးသမီး (၁) ယောက်ရယ်ပါတယ်။ ကားမောင်းတဲ့လူက အောင်ပိုင်းညပ်နေလို့ ကယ်ထုတ်ခဲ့ရတယ်။ (၂) ယောက်လုံး(မစိုးရိမ်ရ)ဒဏ်ရာတွေ ရခဲ့ပါတယ်”ဟု လူမုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here