သင်္ကြန်အပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျဆင်းလာ

0
104

ဧပြီလ ၁၇ ရက်အထိ ဆက်တိုက်မြင့်တက်နေသည့် စက်သုံးဆီဈေးနှုန်းမှာ ယနေ့တွင်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

ဧပြီလ (၁၇) ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ  ၉၂ တစ်လီတာ ၂၂၃၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၇၅ ကျပ်ဖြစ်ပြီး ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၁၇၅ ကျပ်(-၆၀) ၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်(-၃၀)၊ ဒီဇယ်တစ်လီတာ ၂၀၇၀ ကျပ်(-၂၅)၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၁၅၀ ကျပ်(-၂၅)  ဖြစ်လာကြောင်း သိရသည်။

လစဉ် စက်သုံးဆီတင် သင်္ဘောအစီးရေ (၃၀) နှင့်အထက် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်နေပြီး ပြီးခဲ့သည့် မတ်လအတွင်း ဆီတင်သင်္ဘောအစင်းရေ (၃၂) စင်း ဝင်ရောက်ခဲ့ကာ ဆီအတင်အချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။

သင်္ကြန်ပြီးကာလတွင်လည်း စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေပြီး စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စင်ကာပူနိုင်ငံကနေ အများဆုံး တင်သွင်းနေရကြောင်း သိရသည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို  ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here