ယာဉ်ပေါ်တွင် ခရီးသည်များ ကတ်စနစ်အသုံးပြုခွင့်မရအောင် စက်ပိတ်ထားသည့် ယာဉ်မောင်းများကို အရေးယူမည်

0
108

YBS ယာဉ်လိုင်းများပေါ်တွင် ယာဉ်စီးခပေးချေရာ၌ အသုံးပြုသည့် YPS ကတ်စက်များကို ခရီးသည်များ အသုံပြုခွင့်မရအောင် စက်များကို ပိတ်ထားသည့် ယာဉ်မောင်းများကိုအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

“ကတ်ရောင်းတဲ့ဖက်မှာလည်း အားနည်းမှုရှိသလို ငွေဖြည့်တယ့်နေရာ၊ရောင်းတဲ့ကိုယ်စားလှယ်တွေကလည်း နည်းနေသေးတာပေါ့။ အခုကုမ္ပဏီနဲ့ညှိနှိုင်းထားတယ်။ ယာဉ်ပေါ်မှာ စက်တပ်ထားပြီးတော့ ခရီးသည်က ကတ်ဖြတ်လို့မရအောင်စက်ပိတ်ထားတဲ့ ယာဉ်မောင်းတွေကို အရေးယူဆောင်ရွက်ဖို့ပေါ့။ အခုလည်းအရေးယူဆောင်ရွက်နေပါတယ်။ အဲဒါတွေကြောင့်လည်း ပါတာပေါ့” ဟု YRTC မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မာန်က ပြောသည်။

လက်ရှိတွင် စမတ်ဖုန်းကိုအသုံးပြု၍ QR စနစ်ဖြင့်လုပ်ဆောင်ထားကြောင်း၊ဈေးကွက်ထဲတွင် အဆိုပါ YPS ကတ်များကို တစ်သိန်းခွဲဖြန့်ထား​သော်လည်း အမှန်တကယ်အသုံးပြုသူဦးရေမှာ ငါးသောင်းဝန်းကျင်သာရှိ​သေးကြောင်း သိရသည်။

မြိုတွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်း၊ယာဉ်စီးရေ ၃၅၀၀ ဝန်းကျင်ဖြင့်ပြေးဆွဲပေးနေပြီး နေ့စဉ်ခရီးသည်ဦးရေမှာ ၁၆ သိန်းရှိသည့်အတွက် ခရီးသည်နှင့်ကတ်ဖြတ်မှုစနစ်မှာနည်းနေသေးခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here