အိန္ဒိယတွင် ဆုပေးပွဲတစ်ခုသို့လာသူများအပူရှပ်, ၁၁ ဦးသေ

0
154

နူးဒေလီ၊ဧပြီ ၁၇

အိန္ဒိယ၌ အစိုးရက ကမကထပြုသည့် ဆုပေးပွဲ အခမ်းအနားတစ်ခုတွင် ခန့်မှန်းခြေပရိသတ်တစ်သန်းခန့်တက်ရောက်ခဲ့ပြီး ဧည့်သည်များသည်နေရောင်အောက်တွင် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသဖြင့် အပူရှပ်ကာ လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နေချိန်ဖြစ်သဖြင့် အဆိုပါပွဲသို့လာရောက်သူ အယောက် ၂၀ အားဆေးရုံတင်ခဲ့ရပြီး အယောက် ၃၀၀ ခန့်ဖျားနာခဲ့ကြသည်ဟုဆိုသည်။

အဆိုပါပွဲသို့ ပြည်ထဲရေးဝန်ကြီး အာမစ်ရှာ အပါအဝင် အစိုးရအကြီးတန်းအရာရှိများ တက်ရောက်ခဲ့ပြီး နေပူပူထဲ၌ ဇွဲရှိရှိစောင့်ဆိုင်းပေးသည့် ပြည်သူလူထုကိုလည်းချီးကျူးစကားဆိုခဲ့သေးသည်။

ယခုဖြစ်စဉ်အတွင်းသေဆုံးသွားသူများ၏ဆွေမျိုးများအား လျော်ကြေးပေးမည်ဖြစ်ပြီး အတိုက်အခံပါတီကလည်း လက်ရှိအစိုးရ၏နမော်နမဲ့နိုင်မှုကိုပြစ်တင်ဝေဖန်လျက် ယခုဖြစ်စဉ်သည်ပြစ်မှုမြောက်သည်ဟုလည်းဆိုခဲ့သည်။

အိန္ဒိယသည် ၂၀၁၀ ပြည့်နှစ်ကတည်းက အပူလှိုင်းကြောင့် လူပေါင်း ၆,၅၀၀ ကျော်သေဆုံးခဲ့ကာ ပြီးခဲ့သည့်နှစ်ကလည်း နိုင်ငံတစ်ဝန်းရှိ မြို့အများအပြားတွင်အပူချိန် စံချိန်တင်ခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here