ယူကရိန်းရှိ ခါဆန့်နှင့် လူဟန့်ဒေသ၏ စစ်ဌာနချုပ်များသို့ ပူတင် သွားရောက်လှည့်လည်

0
139

ရုရှားသမ္မတ ပူတင်သည် ယူကရိန်းနိုင်ငံရှိ ရုရှားက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသော ခါဆန့်နှင့် လူဟန့်ဒေသများ၏ စစ်ဌာနချုပ်များသို့ သွားရောက် လှည့်လည်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ဧပြီလ ၁၈ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပူတင်သည် ခါဆန့်ဒေသရှိ စစ်ဌာနချုပ် အစည်းအဝေးသို့ တက်ရောက်ကာ လေကြောင်းချီတပ်မှူးများ၊ နီပါးလ် စစ်တပ် အုပ်စုနှင့် အခြားသော အကြီးတန်း အရာရှိများထံမှ အစီရင်ခံ တင်ပြချက်များကို နားထောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပူတင်သည် မနှစ်က သိမ်းပိုက်ခဲ့သော ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့် ဒေသရှိ ပြည်တွင်းအရံစောင့်တပ်၏ ဌာနချုပ်သို့လည်း သွားရောက်ခဲ့သည်။

ကရင်မလင်းနန်းတော်သည် အဆိုပါ ခရီးစဉ် တကယ်ဖြစ်သွားကြောင်းကို လူဟန့်ဒေသသို့ သွားနေသည့် ရဟတ်ယာဉ်ပေါ်တွင် သမ္မတပူတင် လိုက်ပါစီးနှင်းနေသော ဗီဒီယိုဖြင့် သက်သေပြခဲ့သော်လည်း အစည်းအဝေးများ ကျင်းပခဲ့သည့် အချိန်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ၊။

Source: US News


LEAVE A REPLY

Please enter your comment!
Please enter your name here