ပြင်ဦးလွင် ကန်တော်ကြီးတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် (၁၂) ရာသီပန်းများ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြုလုပ်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
165

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဥ်ဖွံဖြိုးတိုးတက်သာယာရေးနှင့် ပတ်သက်၍ ဧပြီလ (၁၇) ရက်က ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်း ဖြစ်သည်။

“သဘာဝအလျောက် ပေါက်ရောက်နေတဲ့ (၁၂) ရာသီပန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုတေသနပြု ဆောင်ရွက်ဖို့လိုပါတယ်။ ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာတွေကိုလည်း စနစ်တကျ သုံးစွဲရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဒေသမျိုးရင်းများနှင့် ပြင်ဦးလွင်၏ ရာသီဥတုနှင့်ကိုက်ညီသည့် နိုင်ငံအတွင်းရှိ ဒေသများမှ ပန်းမျိုးများစိုက်ပျိုးမှု တိုးတက်စေရန်လည်း ဆောင်ရွက်ရမည်ဖြစ်ပြီးချယ်ရီပင်များ ပွင့်လန်းမှုပိုမိုကောင်းမွန်စေရန်စနစ်တကျ သုတေသနပြု ဆောင်ရွက်ရမည်ဟုလည်း ၎င်းကဆိုသည်။

ဆက်လက်၍ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကန်တော်ကြီးအတွင်းသို့ ပလပ်စတစ် အမှိုက်များ စွန့်ပစ်မှုမရှိစေရန် အမှိုက်ပုံးများ စနစ်တကျထားရှိပေးရန်၊ ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့ဖြစ်သည်နှင့်အညီ ချယ်ရီပင်များကို အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း စနစ်တကျ ပြန်လည်စိုက်ပျိုးရန်၊ အပင်ကြီးမျိုးများနှင့် စိန်ပန်းပြာပင်များကိုလည်း စိုက်ပျိုးရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ လာရောက်လည်ပတ်သူ (၂၄၉၅၀) ရှိခဲ့ကာ (၂၀၂၂) ခုနှစ်တွင် ကျင်းပခဲ့သည့် ပန်းပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား (၃၁၇၁၁၅) ဦး ဝင်ရောက်ခဲ့‌ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here