တိုင်းနှင့်ပြည်နယ် (၁၃) ခုတွင် လာမည့်ရက်ပိုင်းအတွင်း၌ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်

0
155

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များနှင့် အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် လာမည့် ဧပြီ (၂၁)ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့်ပြည်နယ် (၁၃) ခုတွင် အချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရက်များအတွင်း၌ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ဧပြီလ (၁၈) ရက်တွင် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းမည်ဟုလည်း အသိပေးထားသည်။

မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း၊ ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေကျခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုသွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here