သူလျှိုဂြိုဟ်တု မြောက်ကိုရီးယား လွှတ်တင်မည်

0
657

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏နိုင်ငံသည် ၎င်း၏ ကနဦးအစီအစဉ်များနှင့်အညီ သူလျှိုဂြိုလ်တုကို မကြာမီကာလအတွင်း လွှတ်တင်မည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

နိုင်ငံ၏ ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် သူလျှိုဂြိုဟ်တုလွှတ်တင်ခြင်းနှင့် အလားတူ အခြားလုပ်ငန်းရပ်များကိုလည်းပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်က ညွှန်ကြားထားကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအား ကမ္ဘာလုံးဆိုင်ရာအဆင့် အာကာသနိုင်ငံအဖြစ် ပြောင်းလဲရန် အစီအစဉ်များကို ကြေညာခဲ့ပြီး လိုအပ်သော အခြေခံအုတ်မြစ်ကို ချထားပြီးဖြစ်ကြောင်းကိုလည်း ကင်ဂျုံအန်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here