အသက် (၉၀) ရှိပြီဖြစ်သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ထိုင်းတွင် ဆေးကုသမှုခံယူနေရ

0
807

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် သွေးတိုးရောဂါ ခံစားနေရသဖြင့် ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဧပြီလ (၁၈) ရက်က ရုတ်တရက် သွေးတိုးခဲ့သဖြင့် ထိုင်း – မြန်မာနယ်စပ် ထိုင်းနိုင်ငံဖက်ခြမ်းရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်‌ကြောင်း သိရသည်။

ယုံကြည်စိတ်ချရသည့် KNU သတင်းရင်းမြစ်အချို့၏ မျှဝေချက်အရ ဥက္ကဋ္ဌ မူတူးစေးဖိုး၏ ကျန်းမာရေးအခြေအနေမှာ သက်သာနေပြီဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်းလည်း သိရသည်။

” အဖူး အခြေအနေက အခု သက်သာနေပြီလို့ ကြားရပါတယ်။ သွေးတိုးတာပေါ့ ။ စိုးရိမ်စရာ အခြေအနေမဟုတ်ပါဘူး” ဟု KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက (အဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်သူက) ပြောသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် ပြီးခဲ့သည့် ဧပြီလ (၁၃) ရက်က အသက် (၉၀) ပြည့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here