ပေကျင်းမြိုရှိ ဆေးရုံတစ်ခုတွင် မီးလောင်, လူ ၂၁ ဦး ထက်မနည်း သေဆုံး

0
349

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းရှိ ဆေးရုံတစ်ရုံတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရပိုင် သတင်းဌာန စီစီတီဗွီက ဧပြီလ ၁၈ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

မီးမှာ ချန်ဖန်း ဆေးရုံ၏ အတွင်းလူနာ ဌာနတွင် ဒေသစံတော်ချိန် နေလည် ၁ နာရီဝန်းကျင်လောက်၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယိုတစ်ပုဒ်၌ လူများသည် အဆောက်အအုံ၏ ရှေ့မျက်နှာစာမှ တွဲလဲခိုကာ မီးလောင်ဒဏ်မှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြောင်း ပြသထားသည်။

“ညနေ ၆ နာရီ ကစပြီး ကံမကောင်းအကြောင်းမလှစွာနဲ့ သေဆုံးသူ ၂၁ ဦး ရှိခဲ့ပါတယ်” ဟု စီစီတီဗွီက ပြောသည်။ လူနာ ၇၁ ဦးကိုလည်း  မီးလောင်နေသည့် အဆောက်အအုံမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါ ဖြစ်ရပ်သည် ပေကျင်းမြို့၌ နှစ် ၂၀ အတွင်း လူသေဆုံးမှု အများဆုံး မီးလောင်မှု ဖြစ်လာသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here