အရှေ့ဒဂုံတွင် အမှိုက်တွန်းလှည်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် (၂) ဦးနှင့် မိခင်ဖြစ်သူ အမျိုးသမီး ဒဏ်ရာရ

0
154

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၅) ရပ်ကွက်၊ ကုန်းဘောင်လမ်းနှင့် နှင်းဆီလမ်းထောင့်တွင် ယမန်နေ့ ဧပြီ (၁၉) ရက် နံနက် (၁၁) နာရီကျော်ခန့်တွင် အမှိုက် တွန်းလှည်းအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားကာ ကလေး (၂) ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အသက်(၂၄)နှစ်အရွယ်ရှိ အမျိုးသမီး (၁) ဦးသည် ၎င်း၏ သားသမီး (၂) ဦးနှင့်အတူ အမှိုက်တွန်းလည်းအားတွန်းလာစဥ် အမှိုက်တွန်းလှည်းအတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကိုကူညီပေးခဲ့တဲ့သူတွေပြောတာကတော့ အမျိုးသမီးက စိုးရိမ်ရတယ်။ ဘယ်ဘက်ရင်အုံ ပေါက်ပြဲတာရှိသလို တခြားထိခိုက်ဒဏ်ရာတွေလည်း ရသွားတယ်။ ကလေး (၂) ယောက်လည်းထိသွားတယ်။ လက်ရှိအခြေအနေကတော့ မသိရသေးပါဘူး”ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်ကြောင့် မစောယုမော်(၂၄)နှစ်တွင် စိုးရိမ်ရဒဏ်ရာများနှင့် အသက်(၄)နှစ်အရွယ် သမီးဖြစ်သူနှင့်အသက်(၁)နှစ်အရွယ် သားဖြစ်သူတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here