တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပိုခွင့် ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု အဆိုပြုလွှာ တင်ရန်ဖိတ်ခေါ်

0
223

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာ တင်ပြရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံသို့ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံချုပ်ဆိုထားသော အပင် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocal သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့(Technical Working Group)၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင်လည်းကောင်း ရယူပြီး (၁) Hard Copy ၊ (၂) Soft copy (Word File) များဖြင့်မေလ ၁၉ ရက်နောက်ဆုံးထား၍ အဆိုပြုတင်ပြ လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here