တောင်ယာအတွင်း ထောင်ထားသည့် မိုင်းအား နင်းမိ၍ (၈)လအရွယ် ကလေးငယ်အပါအဝင် ဒေသခံ(၃) ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိ

0
123

ရှမ်းပြည်နယ် တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ နမ့်ပါတဲက်ကျေးရွာ အနောက်ဘက် ၊ တောင်ယာအတွင်း၌ ဒေသခံ (၃) ဦး မိုင်းနင်းမိသည့်အတွက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ဧပြီ(၁၈)ရက် နံနက်(၉)နာရီဝန်းကျင်က နမ့်ပါတဲက်ကျေးရွာ အနောက်ဘက်ရှိ တောင်ယာအတွင်း၌ တောင်ယာလုပ်ကိုင်ရန် လာရောက်သည့် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရန်ကင်းကျေးရွာနေ ဒေသခံ (၃) ဦးမှာ တောင်ယာအတွင်း၌ ထောင်ထားသည့် မိုင်းအားနင်းမိခဲ့ခြင်းဖြစ်သ ည်။

“မိုင်းနင်းမိတဲ့ (၃) ယောက်က ပအိုဝ်းလူမျိုး ဒေသခံတွေပါ။ တောင်ယာထဲမှာ မိုင်းထောင်ထားတာက အတော်ကိုဆိုးရွားပါတယ်။ အခု ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်ပါ ထိခိုက်သွားတယ်”ဟု ဒေသခံလူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ပအိုဝ်းလူမျိုး ဒေသခံများဖြစ်သည့် မနန်းကော(၃၁)နှစ်၊ မနန်းချော(၂၃)နှစ်နှင့် မနန်းချော၏ သမီးဖြစ်သူ (၈)လအရွယ် မနန်းအိမ်ခမ်းတွင်လည်း မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် PNLO/PNLA တပ်ဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here