သရုပ်ဆောင်မင်းရာဇာကို မုဒိမ်းမှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

0
230

ယနေ့ဧပြီလ ၂၀ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ မုဒိန်းမှုပုဒ်မ ၃၇၆ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်ချမှတ်လိုက်ကြောင်း နစ်နာသူမိန်းခ‌လေးဘက်မှလိုက်လံဆောင်ရွက်ပေး​နေသူထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လတွင် ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုနှင့် မြောက်ဥက္ကလာပတရာရုံးမှ မင်းရာဇာ၊ ၄င်း၏အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေး တို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅) နှစ်ချမှတ်ထားသည်။

ယင်းမှမင်းရာဇာသည် သက်ငယ်မုဒိမ်းမှု ဖြင့်စွဲဆိုခံထားရသည့် အမှုအတွက် ယနေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်ကတည်းက ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမှုများဖြစ်ပြီး အမှုရင်ဆိုင်နေရင်း ၂၀၂၁ တွင် အမှုများပိတ်သိမ်းစဥ်က ၄င်းအမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ပြီး တရားရုံးက လက်ခံခဲ့ကာ အစမှပြန်လည်စစ်ဆေးခဲ့သောအမှုဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here