သာကေတ ရန်ပြေလမ်းမပေါ်တွင် အိမ်ခြေမဲ့တစ်ဦးပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေ

0
207

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်၊ ရန်ပြေလမ်းမပေါ်တွင် အိမ်ခြေမဲ့တစ်ဦး လဲကျသေဆုံးနေသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်အတွင်းမှ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ရန်ပြေလမ်းမနှင့် တိုးချဲ့(၁)လမ်းထိပ်တွင် လဲကျသေဆုံးနေခြင်းဖြစ်ပြီး ပြင်ပြဒဏ်ရာမတွေ့ရှိရကြောင်း အလောင်းကို စံပြဆေးရုံသို့ ပို့ဆောင်ပေးသည့် အောင်နိုင်သူလူမှုကူညီရေးအသင်းမှ သိရသည်။

” သူကလမ်းဘေးနေ လမ်းဘေးအိပ်သူ တစ်ဦးဖြစ်တယ်။ ညကတည်းက သောက်စားပြီး သေနေတာ။ မနက်ကျတော့ ရပ်ကွက်နေ ပြည်သူတွေက လှမ်းအကြောင်းလို့ သွားသယ်ပြီး ဆေးရုံကိုပို့ပေးလိုက်တာပါ”ဟု အောင်နိုင်သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရုပ်အလောင်းကို ယနေ့ ဧပြီလ (၂၀) ရက် ၊ နံနက် (၈) နာရီဝန်းကျင်တွင် “အောင်နိုင်သူ” လူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here