အိန္ဒိယ၌ ကိုဗစ်ကူးစက်မှုဆက်လက်မြင့်တက်, နှစ်ဆယ့်လေးနာရီအတွင်း ကူးစက်မှု ၁၂,၀၀၀ ရှိ

0
149

အိန္ဒိယနိုင်ငံ၌ ကိုဗစ်ကူးစက်ခံရသူ ၁၂,၀၀၀ ကျော်အထိဖြစ်လာကာ ကူးစက်မှုများလာကြောင်း ဧပြီ လ ၂၀ ရက်နေ့ ကသတင်းထုတ်ပြန်ခဲ့သည်။လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၂,၅၉၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်အရသိရသည်။

အိန္ဒိယ၌ မနေ့ကတစ်ရက်အတွင်း ကူးစက်ခံရသူ ၁၀,၅၄၂ ဦးထပ်တိုးလာပြီး ကိုဗစ်ကူးစက်မှုသည် နိုင်ငံတစ်ဝန်း၌လက်ရှိတွင် စုစုပေါင်း ၆၅,၂၈၆ ဦးအထိရှိလာပြီဖြစ်သည်။

ဧပြီ လ ၁၄ ရက် နေ့မှ ၁၈ ရက် နေ့ အတွင်း ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းနေသော်လည်း ဗုဒ္ဓဟူးနေ့က ကျင်းပသော အစည်းအဝေးကမူ နိုင်ငံတွင်း၌ ကူးစက်မှုပြန်မြင့်နေကြောင်းဆုံးဖြတ်ခဲ့ကြသည်။

ယင်းကြောင့်ပင် အစိုးရတာဝန်ရှိသူများအနေဖြင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားပေးပြီး ဆေးရုံနှင့်အရေးပေါ်ဆေးဝါးအထောက်အကူများကိုပါပြင်ဆင်ထားသဖြင့် အစိုးရိမ်မလွန်ရန်နှင့်အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ကြရန်လည်းညွှန်ကြားထားသည်ဟုဆိုသည်။

Source : Mint


LEAVE A REPLY

Please enter your comment!
Please enter your name here