မိုင်းဖြတ်မြို့တွင် Hiace အမျိုးအစားယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွား ၃ ‌ဦီးသေ ၂၁ ဦးဒဏ်ရာရ

0
229

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ ဧပြီ ၂၀ ရက် ညနေပိုင်းက Hiace အမျိုးအစားယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၃ ‌ဦီးသေဆုံးကာ ၂၁ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့ တာကျောက်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၆၈၈)နှင့် (၆၈၉)ကြားတွင် ယနေ့ညနေ ၄ နာရီအချိန််ခန့်က တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော Toyota Hiace အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ နမ့်လုံချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” အရှိန်လွန်ပြီး လမ်းဘေးချောင်းထဲထိုးကျတာ၊ ကားပေါ်မှာ ခရီးသည်များတယ်၊ ထိခိုက်ဒဏ်ရာရတာလည်းများတယ်” ဟု ကယ်ဆယ်ရေးတွင်ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဉီး စုစုပေါင်း (၃) သေဆုံးပြီး ကျား(၁၂)ဉီး၊ မ(၉)ဉီး စုစုပေါင်း (၂၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်)ရရှိခဲ့သည့်အတွက် မြို့နယ်လူမှုကူညီရေးအသင်းသူနာတင်ယာဉ်ဖြင့် မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here