မိုင်းဖုန်းဆရာတော်ကြီး တရုတ်နိုင်ငံသို့ ကြွရောက်ကာ တရားဟော

0
188

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဓမ္မဒူတခရီးစဥ်အဖြစ်ရောက်ရှိနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီ (၂၀) ရက် မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံ ကျယ်ခေါင်မြို့နှင့် ရွှေလီမြို့တို့သို့ ကြွရောက်တော်မူခဲ့ကြောင်း မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှုအကူအညီ‌ပေးရေးကွန်ရက်မှ သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ (၂၀) ရက် မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်က တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်မှတဆင့် တရုတ်ပြည်သို့ကြွရောက်တော်မူကာ တရုတ်နိုင်ငံ ကျယ်ခေါင်နှင့် ရွှေလီမြို့တို့တွင် လာရောက်ဖူးမြှော်သူများအား တရားဒေသနာတော်များ ဟောကြားတော်မူသွားခဲ့ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးသည် ညနေ (၅) နာရီခွဲတွင် တရုတ်နိုင်ငံမှ တဆင့် မူဆယ်မြို့သို့ ပြန်လည် ကြွရောက်ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးသည် မူဆယ်မြို့သို့ နန်းတော်ပေါက်မှတဆင့် မူဆယ်မြို့သို့ ပြန်လည်ကြွရောက်ခဲ့ခြင်းဖြစ်ပြီး ညနေ (၆) နာရီဝန်းကျင်က မူဆယ် (၁၀၅) မှ တဆင့် ကွတ်ခိုင်မြို့ဘက်သို့ ဆက်လက် ကြွချီတော်မူသွားကြောင်း သိရသည်။

ဓာတ်ပုံ – လူသားချင်းစာနာထောက်ထားမှုအကူအညီ‌ပေးရေးကွန်ရက်


LEAVE A REPLY

Please enter your comment!
Please enter your name here