Twitter အသုံးပြုသူတို့၏ အချက်အလက်များ အမေရိကန်အစိုးရဝင်ရောက်ကြည့်ရှုခွင့်ရှိနေဟု အီလွန်မတ်စ်ဆို

0
161

အမေရိကန်အစိုးရသည် Twitter နှင့် ယင်းကို အသုံးပြုသူတို့၏ ကိုယ်ရေးအချက်အလက်များ၊ DMs နှင့် ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်များ အလုံးစုံတို့ကို ဝင်ရောက်ကြည့်ရှုခွင့် ရှိနေသည်ဆိုခြင်းကို Twitter အား မိမိလက်ဝယ်လွှဲပြောင်းရယူချိန်တွင် သိလိုက်ရသဖြင့် အလွန် အံ့အားသင့်ခဲ့ရကြောင်း ဘီလီယံနာ အီလွန်မတ်စ်က အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

Twitter ကုမ္ပဏီမှ ဝန်ထမ်းများပင် မရရှိသော အခွင့်အရေးများကို အစိုးရအနေဖြင့် ထိုသို့ရရှိထားခြင်း အတိုင်းအတာအတိအကျကို သိလိုက်ရသဖြင့် အံ့သြခဲ့ရကြောင်း အီလွန်မတ်စ်က ဆိုသည်။

“Twiitter မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို အစိုးရအေဂျင်စီတွေက အပြည့်အ၀၀င်ရောက်ခွင့်ရနေတဲ့ အတိုင်းအတာက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်”ဟု အီလွန်မတ်စ်က Fox News မှ အစီအစဉ်တင်ဆက်သူ Tucker Carlson နှင့်တွေ့ဆုံရာတွင်ပြောခဲ့သည်။ ပြီးခဲ့သည့် နှစ် အောက်တိုဘာလက Twitter အတွက် ၄၄ ဘီလျံပေးချေသည်အထိ ယင်းအချက်ကို သတိမထားမိခဲ့ကြောင်းကိုလည်း သူကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here