သန်လျင်မြို့နယ်တွင် ကွမ်းယာရောင်းနေသည့် အမျိုးသား ၁ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
169

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊အောင်ချမ်းသာရပ်ကွက်တွင် ကွမ်းယာရောင်းနေသည့် အမျိုးသား ၁ ဦးသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု ဧပြီ ၂၀ ရက်ည ၇ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၁ ဦးသည် သန်လျင်မြို့နယ်၊အောင်ချမ်းသာရပ်ကွက်၊ကျိုက်ခေါက်ဘုရားလမ်းရှိ “ကျော်ထက်” ကွမ်းယာဆိုင်သို့ရောက်ရှိလာကာ ကွမ်းယာရောင်းနေသည့် ဦးထွန်းဦးကျော်(၃၇)နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

“သူက ကွမ်းယာဆိုင်ဖွင့်ထားတဲ့အတွက် ဘယ်သူပဲဘာဝယ်ဝယ်ရောင်းရမှာပဲလေ ရဲလာဝယ်လည်း ရောင်းရမှာပဲ စစ်သားလာဝယ်လည်းရောင်းရမှာပဲလေ အဲဒါကိုပစ်မှတ်ထားပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်လိမ့်မယ်”ဟု သန်လျင်မြို့ခံတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းဦးကျော်သည် ဦးခေါင်းနှင့်ခန္ဓာကိုယ်နေရာအချို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here