SpaceX ၏ ကမ္ဘာ့အကြီးဆုံး ဒုံးပျံယာဉ်အား ပထမဆုံးအကြိမ် အစမ်းလွှတ်တင်, လေထဲမှာတွင် ပေါက်ကွဲ

0
211

ဘိုကာ ရှီကာ, တက္ကဆပ်စ်၊ ဧပြီ ၂၁

“Starship” ဟုအမည်ပေးထားသော အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီ၏ ကမ္ဘာ့အကြီးဆုံး ဒုံးပျံယာဉ်ကို ဧပြီလ ၂၀ ရက် ကြာသပတေးနေ့က ပထမဆုံးအကြိမ် အစမ်းလွှတ်တင်ခဲ့ရာ လေထဲမှာတင် ပေါက်ကွဲပျက်စီးသွားကြောင်း သိရသည်။

Starship ကို တက္ကဆပ်စ်ပြည်နယ်၊ ဘိုကာ ရှီကာကမ်းခြေရှိ SpaceX ၏ အာကာသယာဉ် စခန်းတွင် မြန်မာစံတော်ချိန် ည ၈ နာရီခန့်၌ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ပစ်လွှတ်ပြီးနောက် ၄ မိနစ်အကြာတွင် ပေါက်ကွဲသွားခဲ့သည်။

ထိုသို့ အစမ်းပျံသန်းမှု မအောင်မြင်ခဲ့သော်လည်း အီလွန်မတ်စ်ကမူ အောင်မြင်မှုတစ်ရပ် အနေဖြင့် ကြေညာခဲ့သည်။ “ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ Starship အစမ်းလွှတ်တင်မှုအတွက် SpaceX အဖွဲ့ကို ဂုဏ်ပြုပါတယ်။ နောက်လအနည်းငယ်အတွင်း နောက်တစ်ကြိမ် ပြုလုပ်မယ့် စမ်းသပ်လွှတ်တင်မှုအတွက် အများကြီး သင်ယူရခဲ့ပါတယ်” ဟု မတ်စ်က တွစ်တာပေါ်တွင် ရေးသားလာခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ နက္ခတ္တရူပဗေဒ ပညာရှင်နှင့် စကြာဝဠာဗေဒ ပညာရှင် ဘရတ် တက္ကာ က ယခုကဲ့သို့ ပစ်လွှတ်မှု မအောင်မြင်ခြင်းသည် အာကာသ ပညာရပ် နယ်ပယ်၌ အသစ်အဆန်း ပြုလုပ်ရာတွင် မည်မျှခက်ခဲကြောင်းကို လက်တွေ့ပြသနေသည်ဟု ပြောလာသည်။

Starship ဒုံးပျံသည် SpaceX ကုမ္ပဏီအတွက် ရည်မှန်းကြီးသော ပရောဂျက်ဖြစ်ပြီး အာကာသယာဉ်မှူများအား ထိုဒုံးပျံများနှင့်အတူ လကမ္ဘာ၊ အင်္ဂါဂြိုလ်နှင့် အခြားဂြိုလ်များသို့ စေလွှတ်ရန်အထိ ရည်မှန်းထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here