ဇလန်းစကီးအား ချောသည်ဟု ချီးမွမ်းမိသော ပင်စင်စား ရုရှားအမျိုးသမီးကြီး အဖမ်းခံရ

0
210

ရုရှားနိုင်ငံမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသည် စကားဝိုင်းတစ်ခုတွင် ယူကရိန်းသမ္မတ ဇလန်းစကီးအား ချောမောသည်ဟူ၍ ချီးမွမ်းပြောဆိုခဲ့မိသည့်အတွက် အဖမ်းခံခဲ့ရကြောင်း သိရသည်။

အိုလ်ဂါ ဆလတ်ဂျီနာ အမည်ရ အသက် ၇၀ အရွယ် ပင်စင်စား ရုရှားအမျိုးသမီးသည် ပြီးခဲ့သည့် ခရစ္စမတ်ကာလက ရုရှားနိုင်ငံ မြောက်ပိုင်း ကော့ကေးဆပ်ဒေသရှိ ကျန်းမာရေး အပန်းဖြေစခန်းတစ်ခု၌ သွားရောက်တည်းခိုစဉ် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဆလတ်ဂျီနာ သည် ထိုအပန်းဖြေစခန်းတွင် ကျင်းပသည့် လူအများနှင့်အတူ စားသောက်ရသော ညစာစားပွဲသို့ တက်ရောက်စဉ် ယူကရိန်းအကြောင်း စကားစမြည် ပြောခဲ့မိရာ ပူတင်အား အမာခံထောက်ခံသည့် အမျိုးသမီးနှင့် စကားများခဲ့ကြသည်။ ထိုစဉ် မစ္စစ် Slegina သည် ထိုအမျိုးသမီးရှေ့တွင် ဇလန်းစကီးက ချောမောပြီး ဟာသဉာဏ်ရွှင်ကြောင်း ချီးမွမ်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ပူတင် အမာခံထောက်ခံသူ အမျိုးသမီး အပါအဝင် လူသုံးဦးသည် ထိုကိစ္စနှင့် ပတ်သက်၍ ရဲစခန်းသို့ သွားတိုင်ခဲ့သည်။ ထို့နောက် ရဲအရာရှိများသည် ဆလတ်ဂျီနာ အား ရုရှားစစ်တပ်ကို အကြည်ညိုပျက်စေမှုနှင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လက်ရှိတွင်မူ ဆလတ်ဂျီနာ သည် တရားရုံးက ချမှတ်သည့် ဒဏ်ငွေ ရူဘယ် လေးထောင် (ကန်ဒေါ်လာ ၃၉၀) ခန့် ပေးဆောင်၍ ပြန်လည် လွတ်မြောက်နေပြီ ဖြစ်ကြောင်း သိရသည်။

Source: တယ်လီဂရပ်ဖ်


LEAVE A REPLY

Please enter your comment!
Please enter your name here