အရှေ့တောင် အာရှတွင် အမေရိကထက် တရုတ်၏  ဩဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာ

0
156

တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း အမေရိကထက် အရှေ့တောင်အာရှတွင် ဩဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာကြောင်း ဩစတြေးလျရှိ မူဝါဒလေ့လာရေး အဖွဲ့တစ်ခု၏ တိုင်းတာချက်အသစ်တစ်ခုအရ သိရသည်။

တရုတ်နှင့် အမေရိကကြားရှိ ဩဇာလွှမ်းမိုးမှု တိုင်းတာချက်ကို လိုဝီ အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သော “အာရှရှိ အခွင့်အာဏာကို တိုင်းတာခြင်း – အရှေ့တောင်အာရှရှိ တရုတ်နှင့် အမေရိက” ဟူသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကသည် ၂၀၁၈ ခုနှစ်မှစ၍ အရှေ့တောင်အာရှ၌ အခွင့်အာဏာရရှိရန်အတွက် ဆောင်ရွက်ရသည့် အဓိကအချက် ၄ ချက်ဖြစ်သော စီးပွားရေးအရ ဆက်ဆံမှုများ၊ ကာကွယ်ရေးပိုင်းဆိုင်ရာ အချိတ်အဆက်များ၊ သံတမန်ရေးရာ လွှမ်းမိုးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှု တို့တွင် တရုတ်ထက် နောက်ကောက်ကျ ကျန်နေခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်၌ အရှေ့တောင်အာရှအပေါ် ဩ ဇာလွှမ်းမိုးမှုတွင် တရုတ်က ၅၂ မှတ်၊ အမေရိက က ၄၈ မှတ် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အရောက်တွင် တရုတ်က ၅၄ မှတ်သို့ တက်လာခဲ့သည်။

ခြုံငုံကြည့်လျှင် တရုတ်သည် သံတမန်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေးများတွင် ပိုမိုအားသာနေပြီး အမေရိက ကမူ ကာကွယ်ရေး အချိတ်အဆက်များနှင့် ယဉ်ကျေးမှု လွှမ်းမိုးရာတွင် ပို၍ ရှေ့ရောက်နေသည်ဟု ၎င်းက ဆိုသည်။

ပေကျင်းသည် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့တွင် ဩဇာလွှမ်းမိုးမှုအား အကောင်းဆုံး ဖြစ်နေသည်။ အမေရိကကမူ စင်္ကာပူနှင့် ဖိလစ်ပိုင်တို့တွင် ပို၍ ဩဇာညောင်းနေသည်။

တရုတ်၏ အဓိက အားသာချက်မှာ အရှေ့တောင်အာရှ နိုင်ငံတိုင်းတွင် အမေရိကထက် စီးပွားရေးအရ ဆက်ဆံမှု ပိုမိုသာလွန်နေခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here