မြန်မာ-ထိုင်း နှင်နိုင်ငံတရားမဝင် လက်နက်ကုန်သွယ်မှုပပျောက်ရေးအတွက် နစက ဥက္ကဋ္ဌနှင့်ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်တို့ဆွေးနွေး

0
318

နစက ဥက္ကဋ္ဌမှ ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Don Pramudwinai အား ဧပြီ ၂၁ ရက်(ယနေ့)နေ့လည်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်း-လာအိုနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လျော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားမဝင်လူကုန်ကူးမှုများ၊မူးယစ်ကုန်သွယ်မှုများနှင့်လက်နက်ကုန်သွယ်မှုများပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here