တရုတ်ပဲကြီးလှော်များ တင်ဆောင်လာသည့် (၁၂) ဘီးယာဥ် တိမ်းမှောက်၍ အမျိုးသမီး (၁) ဦးသေဆုံးကာ ယာ ဉ်မောင်း ဒဏ်ရာရ

0
149

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ လားရှိုး – သိ န်းနီသွား ပြည်ထောင်စုလမ်းမပေါ်တွင် ဧပြီ (၂၁) ရက် ည (၉) နာရီခန့်က(၁၂) ဘီးယာဉ် တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးသေဆုံးကာ ယာဉ်မောင်းသူ ဒ ဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့ဌာန ချုပ်နှင့် လားရှိုးလူငယ်လူမှုကူညီရေးအသင်းတို့မှ သိရသည်။

ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၈၃/ ၂ နှင့် ၁၈၃/၃ ကြားတွင် တရုတ်ပဲကြီးလှော်များတင်လာသည့် (၁၂) ဘီးကုန်တင်ကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ လားရှိုးမြို့နယ် မီးသတ်စခန်းမှ တပ် ဖွဲ့ဝင်များနှင့် လားရှိုးလူငယ် လူမှုကူညီရေးအသင်းတို့မှ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာ ကားခေါင်းခန်းအတွင်းညပ်နေသည့် အမျိုး သမီးအား ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စုလမ်းမကြီးပေါ်က (၉) မိုင်လမ်းခွဲမှာဖြစ်သွားတာပါ ။ ကားခေါင်းခန်းထဲ ညပ်နေတဲ့ အမျိုးသမီးကို ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရတယ်။ ကရိန်းအကူအညီတွေပါသုံးခဲ့ရတယ်။ ကားမောင်းတဲ့လူက မစိုးရိမ်ရ ဒဏ်ရာရသွားပါတယ်” ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူတို့အား လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ကားလမ်းပေါ်၌ ကျနေသည့် တရုတ်ပဲကြီးလှော်များအား လူမှုကူညီရေးအသင်းဝင်များနှင့် ဖြတ်သန်းသွားလာသူ များက ရှင်းလင်းပေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here