ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်ဆွေးနွေး

0
196

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးစဥ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ယခင် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေးဆောင်ရွက်ရန်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက်လည်း နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသများအတွင်း တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်လုပ်ငန်းများကို အတူတကွ တိုက်ဖျက်သွားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရေးအတွက်လည်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့က ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here