နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေအရ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားတိုးမြှင့်ရန်မရှိသေး

0
240

လူမှုကွန်ယက်စာမျက်နှာများတွင် ပြန့်နှံ့နေသည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိကိုပြင်ပမှာဖြစ်နေတဲ့ သတင်းထွက်ပေါ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ လစာနှုန်းထားတိုးမြှင့်မယ်ဆိုတဲ့သတင်းက ကောလဟလပဲဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်ကပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများမှာ လက်ရှိ လစာနှုန်းထားအတိုင်းဖြစ်ပြီး လက်ရှိ နိုင်ငံ တော်၏ ဘဏ္ဍာရေးအခြေအနေအရလစာနှုန်းထားတိုးမြှင့်ရန်မရှိသေးကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here