လေပြင်းတိုက်ခတ်ကာ မိုးရွာ‌နေချိန် နေအိမ်သို့ ပြန်လာသည့် အမျိုးသားတစ်ဦးဆိုင်ကယ်တိမ်းမှောက်၍ သေဆုံး

0
249

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ (၃၅) လမ်း၊ လမ်း (၉၀) နှင့် သင်္ဂဇာချောင်း ပတ်လမ်းကြားတွင် ဧပြီ (၂၁ ) ရက်ည (၉) နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဏိစလလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညက လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းနေချိန်၌ မဟာအောင်မြေမြို့နယ်တွင် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်တိမ်းမှောက်ကာ ထိခိုက်ဒဏ်ရာများရရှိထား‌ကြောင်း သတင်းအရ မဏိစလ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ခြင်းသည်။

“အိမ်ပြန်ရောက်ချင် ဇောနဲ့ လေတိုက်ပြီး မိုးရွာနေတဲ့ အချိန်မှာ ဆိုင်ကယ်ကို အမြန်မောင်းလာတာလို့ ပတ်ဝန်းကျင်ကပြောတယ်။ မိုးရွာပြီး လမ်းချော်နေတော့ စလစ်ဖြစ်ပြီး မှောက်သွားတဲ့ အနေအထားပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်တိမ်းမှောက်သည့် ဖြစ်စဥ်တွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သည့် အမျိုးသားအား မဏိစလ လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနိုင်ရန် ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here