တရုတ်မီဒီယာအပါအဝင် သတင်းမီဒီယာအချို့၌ “အစိုးရ အထောက်အပံ့ခံ”နှင့် “နိုင်ငံပိုင်”ဟု စာတန်းထိုးထားမှုများကို တွစ်တာဖယ်ရှား

0
223

မီဒီယာအဖွဲ့အစည်းအသီးသီးတို့၏ သတင်းများနှင့် အာဘော်များတွင် သက်ဆိုင်ရာအစိုးရတို့၏ အာဘော်များပါဝင်ပတ်သက်နေမှုကို ရည်ညွှန်းသည့် “အစိုးရ အထောက်အပံ့ခံ” ဟူသည့် စာတန်းနှင့် “နိုင်ငံပိုင်”ဟူသည့် စာတန်းတို့ကို တရုတ်မီဒီယာအပါအဝင် တွစ်တာရှိ မီဒီယာအကောင့်အချို့မှ တွစ်တာကုမ္ပဏီက သောကြာနေ့က ဖယ်ရှားပေးလိုက်သည်။

အမေရိကန် အခြေစိုက် National Public Radio (NPR) သတင်းဌာန၊ BBC သတင်းဌာန နှင့် ကနေဒါအခြေစိုက် Canadian Broadcasting Corporation (CBC) သတင်းဌာနတို့၏ အကောင့်များတွင် ရေးသားထားသည့် “အစိုးရ အထောက်အပံ့ခံ”ဟူသည့် စာတန်းများအပြင်၊ တရုတ်နိုင်ငံအခြေစိုက် Xinhua သတင်းဌာနတွင် “တရုတ်နိုင်ငံပိုင်မီဒီယာ”ဟု ရေးသားထားသည်တို့ကို ဖယ်ရှားပေးခဲ့ပြီး၊ အစိုးရကျောထောက်နောက်ခံပြု ထုတ်ဝေစာစောင်များမှ သတင်းစာဆရာတို့၏ တွစ်တာအကောင့်များတွင်လည်း ယင်းစာတန်းများထိုးထားခြင်းကို တွစ်တာက ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here