ဘားအံမြို့နယ်တွင် အိမ်စီးကား တစ်စီးပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားကာ ယာဉ်မောင်းသူသေဆုံးကာ လက်နက်/ခဲယမ်းများသိမ်းဆည်းရမိ

0
236

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စုရှိ သထုံ – ဘားအံကားလမ်းပေါ်တွင် ဧပြီ ၂၂ ရက် နံနက် (၁၀) နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ်၊မြိုင်ကလေးကျေးရွာအုပ်စုရှိ သထုံ-ဘားအံကားလမ်းအတိုင်း သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ အမည်/အသက်/နေရပ်လိပ်စာ(စီစစ်ဆဲ)မောင်းနှင်လာသည့် Nissan Xtrial ကားသည် အခင်းဖြစ်နေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ကားမောင်းသူမှာ ဦးခေါင်းပြတ်၍ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကားပေါ်သို့ ထပ်မံရှာဖွေရာ (၃၈)ဗို့ ပစ္စတိုသေနတ် (၁) လက်၊၎င်းကျည် (၇) တောင့်၊ကျည်အိမ် (၁) ခု၊ရီမု (၁)ခုနှင့် ဖုန်း (၂) လုံးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ၏ ရုပ်အလောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here