သုံ့ပန်းများတင်လာပြီး ဒုတိယကမ္ဘာစစ်အတွင်းကနစ်မြုပ်သွားသည့်ဂျပန်သင်္ဘောပျက်အားပြန်တွေ့ရှိ

0
240

ဆစ်ဒ်နီ၊ဧပြီ ၂၂

ရေနက်စူးစမ်းရှာဖွေသူများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖိလစ်ပိုင်ကမ်းလွန်၌ ပစ်ခတ်ခံခဲ့ရပြီးနစ်မြုပ်ခဲ့သည့် ဂျပန်သယ်ယူပို့ဆောင်ရေးသင်္ဘော မွန်တီဗီဒီယို မာရု ၏အပျက်အစီးများကိုတွေ့ရှိခဲ့ရကြောင်းပြောကြားခဲ့သည်။

အဆိုပါသင်္ဘောနစ်မြုပ်မှုကြောင့် ဩစတြေးလျနိုင်ငံသား ၁,၀၀၀ နီးပါးသေဆုံးခဲ့သည်ဟုလည်းသိရသည်။အဆိုပါသင်္ဘောသည် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောကို ရေအနက် ၄ ကီလိုမီတာကျော်တွင်တွေ့ရှိခဲ့ကြောင်း ရေကြောင်းဆိုင်ရာရှေးဟောင်းသုတေသနအဖွဲ့ကပြောကြားခဲ့သည်။

မွန်တီဗီဒီယို မာရုနစ်မြုပ်မှုသည် ဩစတြေးလျ၏ အဆိုးရွားဆုံး ရေကြောင်းဘေးအန္တရာယ်ဖြစ်ပြီး တပ်ဖွဲ့ဝင် ၈၅၀ အပါအဝင် သြစတြေးလျနိုင်ငံသား ၉၇၉ ဦးခန့်သေဆုံးခဲ့သည်ဟုဆိုသည်။

အခြားနိုင်ငံ ၁၃ နိုင်ငံမှ အရပ်သားများလည်း အဆိုပါသင်္ဘောပေါ်၌ လိုက်ပါသွားကြောင်း ဖောင်ဒေးရှင်းကပြောကြားခဲ့ပြီး သေဆုံးသူစုစုပေါင်း သုံ့ပန်း ၁,၀၆၀ ခန့်အထိရှိခဲ့သည်ဟုလည်းသိရသည်။၎င်းတို့အနက် ၈၅၀ ဦးသည် ဩစတြေးလျနိုင်ငံသားများဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါသင်္ဘောသည် တိုင်တန်းနစ်သင်္ဘောနစ်မြုပ်သည့်အနက်ထက် ပိုနက်သည့်နေရာ၌ရှိနေပြီး သေဆုံးသွားသူများ၏မိသားစုဝင်များအား လေးစားသည့်အနေဖြင့် ၎င်းအားခြေရာလက်ရာမပျက် ယခုအတိုင်းထားမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

မွန်တီဗီဒိုမာရုသင်္ဘောပေါ်၌ သေဆုံးသွားသူများတွင် နော်ဝေးကုန်တင်သင်္ဘော Herstein မှ သင်္ဘောသား ၃၃ ဦးနှင့် ဂျပန်အမှုထမ်း ၂၀ ခန့် ပါဝင်ကြောင်း Silentworld ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။

နစ်မြုပ်မှု၌ပါဝင်သွားသည့် အခြားနိုင်ငံသားများမှာ ဗြိတိန်၊ဒိန်းမတ်၊အက်စတိုးနီးယား၊ဖင်လန်၊အိုင်ယာလန်၊နယ်သာလန်၊နူးဇီလန်၊ဆော်လမွန်ကျွန်းစု၊ ဆွီဒင်နှင့်အမေရိကတို့လည်းပါဝင်သည်ဟုသိခဲ့ရသည်။

Source :AFP
Photo :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here